ဘ၀ကိုရောင့်ရဲ့တင်းတိမ်းနိုင်ခြင်းသည်
အနှိုင်းမဲ့ချမ်းသာမှုဖြစ်နိုင်ပါသည်အချစ်ကို
ပိုင်ဆိုင်ပြီးအဆင်မပြေမှုတွေကိုရင်ဆိုင်
ရခြင်းသည်လည်းဘ၀အတွက်စိတ်ချမ်းသာမှု
တစ်မျိုးဟုကျွန်တော်ထင်မြင်ပါတယ်အချစ်နဲ့ချမ်းသာ
မှုသည်ထပ်တူကြဖို့ခက်ခဲသောပုစ္ဆာတစ်ပုဒ်နဲ့
တူပါတယ်ချမ်းသာမှုဆိုတာကိုလည်းလိုချင်အ
ချစ်ဆိုတာကိုလည်းပိုင်ဆိုင်ချင်နေလို့
အခုခေတ်မှာရတော့မယ်မထင်ပါဘူးချမ်းသာမှုနဲ့
အချစ်စစ်ထပ်တူကြဖို့ဆိုတာတော်တော်လေးကို
အဖြေရှာရခက်နေပါပြီတစ်ချို့ကချမ်းသာမှုနဲ့ရာထူး
စည်းစိမ်တွေကြောင့်ပိုင်ဆိုင်တဲ့အသည်းနုလုံးကိုစတေး
လိုက်တတ်ကြသည်ထိုသို့စတေးလိုက်လို့ကျွန်တော်တော်
တော်လေးကိုဘ၀င့်မကျဖြစ်မိပါတယ်ချမ်းသာကြွယ်ဝမှုရဲ့
အရသာသည်ကိုယ့်ဘ၀ရဲ့သိပ်ချစ်ရတဲ့သူဖျော်တိုက်သော
ကော်ဖီတစ်ခွက်လောက်ကျေနပ်မှုရလိမ့်မယ်လို့ကျွန်တော်
မထင်ပါဘူး။ချမ်းသာကြွယ်ဝမှုနဲ့ရာထူးစည်းစိမ်တွေကြောင့်
နောက်တော့ချစ်လာမှာပါဆိုပြီးတော့ဘ၀ကြင်ရာဖက်ကို
ရွေးချယ်လိုက်ကြတဲ့မိန်းကလေးတစ်ချို့သည်ချမ်းသာမှုကြောင့်
ကိုယ့်ယောကျာ်း၏နွေးထွေးကြင်နာမှုမေတ္တာကိုမရရှိဖြစ်နေရတတ်
ပါတယ်အဆိုးဝါးဆုံးကတော့ငွေကြေးအရှိန်ဒဏ်ကြောင့်
အောက်ခြေလွတ်အိုင်တွေ့ရာခြေဆေးတဲ့သစ္စာမရှိတဲ့ယောကျာ်း
တွေနဲ့လည်းတွေ့ရတတ်ပြီးစိတ်ဆင်းရဲ့မှုတွေနဲ့ဘ၀မှာကြုံ
တွေလာရတတ်ပါတယ်အခုခေတ်တွင်ငွေကြေးကြောင့်
ကိုယ့်အဖေအရွယ်လောက်ရှိတဲ့သူကိုလည်းလက်ထပ်ဖြစ်ချင်
ရာဖြစ်နေကြတဲ့မိန်းကလေးတစ်ချို့သည်လည်းကြည့်ရတာ
တော်တော်လေးကိုဆိုးဝါးလွန်းပါတယ်အချစ်သည်ငွေကြေး
မဟုတ်နိုင်ငွေသည်လည်းအချစ်မဟုတ်နိုင်ပါဘူးငွေ၏စိတ်
ချမ်းသာမှုသည်ထိုငွေရှိနေသမျှသာဖြစ်နေမှာပါအချစ်စစ်ရဲ့
အေးမျှမှုသည်ဘ၀တစ်ခုလုံးစိတ်ချမ်းသာမှုတွေနဲ့ကျေနပ်မှု
ကိုရရှိနေမှာပါအချစ်စစ်နဲ့ချမ်းသာမှုထပ်တူကြမှု
သည်တော်တော်လေးကိုရှားပါတယ်ဘ၀ကိုဆင်းရဲ့မှုနဲ့
အေးချမ်းစွာဖြတ်သန်းနေရသောမိန်းကလေးအများစု
အနေနဲ့ချမ်းသာမှုပိုင်ဆိုင်ထားရတော့လူတော်တော်
များများကိုစိတ်မ၀င်စားရင်ပိုကောင်းပါတယ်ကျွန်တော်
ကတော့ဒီလိုပဲထင်မြင်နေမိပါတယ်ချမ်းသာမှုလည်းရှိကိုယ့်
ကိုလည်းတကယ်ချစ်နိုင်မယ်လို့ထင်တဲ့သူကိုသေချာစဉ်း
စားပြီးမှာစဉ်းစားစေချင်ပါတယ်အသက်တူရွယ်တူဖြစ်ဖို့
လည်းအရေးကြီးပါတယ်ဥစ္စာဟူသည်မျက်လှည့်မျိုးဖြစ်သဖြင့်
ကံကြမ္မာဆိုးတစ်ခုကြောင့်ငွေကြေးဥစ္စာပျောက်ဆုံးသွားတဲ့
အခါကိုယ့်အဖေအရွယ်ယောက်ျားနဲ့ကိစ္စများနေရတတ်ပါ
တယ်အချစ်ကိုသာအလေးနက်ထားရွေးချယ်ဖို့
ကျွန်တော်ဆိုလိုချင်ပါတယ်အချစ်နဲ့သာအိမ်ထောင်ရေးကိုဆုံးဖြတ်
စေချင်ပါတယ်အဆင်ပြေမှုတစ်ခုကိုထိုင်စောင့်စားပြီးအတူမနေရသေးတဲ့
ချစ်သူတွေအတွက်အကြံတစ်ခု
ပေးချင်မိပါတယ်အဆင်ပြေမှုဆိုတာကိုစောင့်မနေပါနဲ့တစ်နေ့တော့ဖြစ်
လာပါလိမ့်မယ်ကြိုးစားနေဖို့သာအဓိကပါ
အဆင်ပြေမှုဆိုတာကိုခဏမေ့ပြီးဘ၀ကိုလက်တွဲအတူတကွအဆင်မပြေမှုကို
ရင်ဆိုင်ဖြေရှင်းလိုက်ရင်
အဆင်မပြေမှုဆိုတာကိုပြေပျောက်သွားမှာပါ......
Sunday, November 15, 2009
Subscribe to:
Posts (Atom)