ကျွန်တော်ဘ၀ဘယ်လောက်ပဲအခက်အခဲတွေရင်ဆိုင်
နေရပါစေ
ဘ၀ရဲ့ဆင်းရဲမှုကြောင့်ဘယ်လောက်ပဲအားငယ်
နေရပါစေ
ကျွန်တော်နားမှာထာဝရသစ္စာရှိစွာခွင့်လွှတ်သည်းခံရင်း
အားပေးစကားအမြဲပြောနေတဲ့ကျွန်တော်ရဲ့ချစ်ဇနီးကို
လေးစားချစ်မြတ်နိုးမိပါတယ်ခေတ်အလိုက်ကျွန်တော်
ချစ်မြတ်နိုးရသောချစ်ဇနီး သူ့ ကိုမချောဘူးမလှဘူးဘယ်
လောက်ပဲပြောနေပါစေ ကျွန်တော်ဘ၀အတွက်သူဟာ
အလှအပဆုံး နတ်သမီးတစ်ပါး ထာဝရဖြစ်နေမှာပါ
ပြည့်စုံချမ်းသာခြင်း အားလုံးကိုစွန်လွှတ်ပြီးကျွန်တော်ရင်ခွင်
အတွင်းကိုဝင်လာရဲသော သူ့ ရဲ့အချစ်မေတ္တာကိုလည်း
လေးစားမြတ်နိုးမိပါတယ်……
မြန်မာဆန်ဆန် ၀တ်စားဆင်ယင်တတ်တဲ့ သူရဲ့အလှအပ
ဟာကျွန်တော်ဘ၀အတွက် အမြဲတမ်း အမောပြေစေနိုင်
တဲ့အလှအပလေးတစ်ခုဖြစ်နေတော့မှာပါ
ကျွန်တော်ရဲ့ဆိုးသွမ်းမှုတွေကိုခွင့်လွတ်သည်းခံရင်း
ကျွန်တော်ကိုအမြဲကြည်ဖြူနေတဲ့သူ့ကို
မမေ့နိုင်အောင်ချစ်မြတ်နိုးနေမိပါတယ်
မိခင်နဲ့တူသောမယားတစ်ယောက်ကိုပိုင်ဆိုင်
ထားရသောလက်ရှိကျွန်တော်ဘ၀၏
နေ့ရက်များဟာ အမြဲတမ်းလန်းဆန်းနေတော့မှာပါ
19.9.2009 မှစပြီး ထာဝရပျော်ရွှင်နိုင်ပါစေ ချစ်သူ
oak soe myat
Thursday, December 17, 2009
Sunday, November 15, 2009
အချစ်နဲ့ချမ်းသာမှု
ဘ၀ကိုရောင့်ရဲ့တင်းတိမ်းနိုင်ခြင်းသည်
အနှိုင်းမဲ့ချမ်းသာမှုဖြစ်နိုင်ပါသည်အချစ်ကို
ပိုင်ဆိုင်ပြီးအဆင်မပြေမှုတွေကိုရင်ဆိုင်
ရခြင်းသည်လည်းဘ၀အတွက်စိတ်ချမ်းသာမှု
တစ်မျိုးဟုကျွန်တော်ထင်မြင်ပါတယ်အချစ်နဲ့ချမ်းသာ
မှုသည်ထပ်တူကြဖို့ခက်ခဲသောပုစ္ဆာတစ်ပုဒ်နဲ့
တူပါတယ်ချမ်းသာမှုဆိုတာကိုလည်းလိုချင်အ
ချစ်ဆိုတာကိုလည်းပိုင်ဆိုင်ချင်နေလို့
အခုခေတ်မှာရတော့မယ်မထင်ပါဘူးချမ်းသာမှုနဲ့
အချစ်စစ်ထပ်တူကြဖို့ဆိုတာတော်တော်လေးကို
အဖြေရှာရခက်နေပါပြီတစ်ချို့ကချမ်းသာမှုနဲ့ရာထူး
စည်းစိမ်တွေကြောင့်ပိုင်ဆိုင်တဲ့အသည်းနုလုံးကိုစတေး
လိုက်တတ်ကြသည်ထိုသို့စတေးလိုက်လို့ကျွန်တော်တော်
တော်လေးကိုဘ၀င့်မကျဖြစ်မိပါတယ်ချမ်းသာကြွယ်ဝမှုရဲ့
အရသာသည်ကိုယ့်ဘ၀ရဲ့သိပ်ချစ်ရတဲ့သူဖျော်တိုက်သော
ကော်ဖီတစ်ခွက်လောက်ကျေနပ်မှုရလိမ့်မယ်လို့ကျွန်တော်
မထင်ပါဘူး။ချမ်းသာကြွယ်ဝမှုနဲ့ရာထူးစည်းစိမ်တွေကြောင့်
နောက်တော့ချစ်လာမှာပါဆိုပြီးတော့ဘ၀ကြင်ရာဖက်ကို
ရွေးချယ်လိုက်ကြတဲ့မိန်းကလေးတစ်ချို့သည်ချမ်းသာမှုကြောင့်
ကိုယ့်ယောကျာ်း၏နွေးထွေးကြင်နာမှုမေတ္တာကိုမရရှိဖြစ်နေရတတ်
ပါတယ်အဆိုးဝါးဆုံးကတော့ငွေကြေးအရှိန်ဒဏ်ကြောင့်
အောက်ခြေလွတ်အိုင်တွေ့ရာခြေဆေးတဲ့သစ္စာမရှိတဲ့ယောကျာ်း
တွေနဲ့လည်းတွေ့ရတတ်ပြီးစိတ်ဆင်းရဲ့မှုတွေနဲ့ဘ၀မှာကြုံ
တွေလာရတတ်ပါတယ်အခုခေတ်တွင်ငွေကြေးကြောင့်
ကိုယ့်အဖေအရွယ်လောက်ရှိတဲ့သူကိုလည်းလက်ထပ်ဖြစ်ချင်
ရာဖြစ်နေကြတဲ့မိန်းကလေးတစ်ချို့သည်လည်းကြည့်ရတာ
တော်တော်လေးကိုဆိုးဝါးလွန်းပါတယ်အချစ်သည်ငွေကြေး
မဟုတ်နိုင်ငွေသည်လည်းအချစ်မဟုတ်နိုင်ပါဘူးငွေ၏စိတ်
ချမ်းသာမှုသည်ထိုငွေရှိနေသမျှသာဖြစ်နေမှာပါအချစ်စစ်ရဲ့
အေးမျှမှုသည်ဘ၀တစ်ခုလုံးစိတ်ချမ်းသာမှုတွေနဲ့ကျေနပ်မှု
ကိုရရှိနေမှာပါအချစ်စစ်နဲ့ချမ်းသာမှုထပ်တူကြမှု
သည်တော်တော်လေးကိုရှားပါတယ်ဘ၀ကိုဆင်းရဲ့မှုနဲ့
အေးချမ်းစွာဖြတ်သန်းနေရသောမိန်းကလေးအများစု
အနေနဲ့ချမ်းသာမှုပိုင်ဆိုင်ထားရတော့လူတော်တော်
များများကိုစိတ်မ၀င်စားရင်ပိုကောင်းပါတယ်ကျွန်တော်
ကတော့ဒီလိုပဲထင်မြင်နေမိပါတယ်ချမ်းသာမှုလည်းရှိကိုယ့်
ကိုလည်းတကယ်ချစ်နိုင်မယ်လို့ထင်တဲ့သူကိုသေချာစဉ်း
စားပြီးမှာစဉ်းစားစေချင်ပါတယ်အသက်တူရွယ်တူဖြစ်ဖို့
လည်းအရေးကြီးပါတယ်ဥစ္စာဟူသည်မျက်လှည့်မျိုးဖြစ်သဖြင့်
ကံကြမ္မာဆိုးတစ်ခုကြောင့်ငွေကြေးဥစ္စာပျောက်ဆုံးသွားတဲ့
အခါကိုယ့်အဖေအရွယ်ယောက်ျားနဲ့ကိစ္စများနေရတတ်ပါ
တယ်အချစ်ကိုသာအလေးနက်ထားရွေးချယ်ဖို့
ကျွန်တော်ဆိုလိုချင်ပါတယ်အချစ်နဲ့သာအိမ်ထောင်ရေးကိုဆုံးဖြတ်
စေချင်ပါတယ်အဆင်ပြေမှုတစ်ခုကိုထိုင်စောင့်စားပြီးအတူမနေရသေးတဲ့
ချစ်သူတွေအတွက်အကြံတစ်ခု
ပေးချင်မိပါတယ်အဆင်ပြေမှုဆိုတာကိုစောင့်မနေပါနဲ့တစ်နေ့တော့ဖြစ်
လာပါလိမ့်မယ်ကြိုးစားနေဖို့သာအဓိကပါ
အဆင်ပြေမှုဆိုတာကိုခဏမေ့ပြီးဘ၀ကိုလက်တွဲအတူတကွအဆင်မပြေမှုကို
ရင်ဆိုင်ဖြေရှင်းလိုက်ရင်
အဆင်မပြေမှုဆိုတာကိုပြေပျောက်သွားမှာပါ......

Friday, October 23, 2009
ူLife Life Life
ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။
အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။
သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။
သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ်။
သင်သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကိုအလေးပြုတယ်။
အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။
ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခု ရှိပါတယ်။
လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။
ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်းသိမြင်ဖို့ပါ။
ဘယ်သူမှ အတိတ်ကိုပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။
ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့ အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့ လူတိုင်း
လုပ်လို့ရပါတယ်။
ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာမလိုပါဘူး။
ဖြေရှင်းလို့ မရနိုင်ဘူးဆိုရင်လည်း စိတ်ပူနေလို့ ဘာများထူးမှာ မို့လို့လဲ။
ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။
အဲဒီလိုပဲ မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။
အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့
ပြည့်မနေပါစေနဲ့။
မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို
ကွယ်ပစ်လိုက်ပါလိမ့်မယ်။
မျက်နှာကိုပြုပြင်လိုက်တာ (Changing the Face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ
မဟုတ်ပါဘူး။ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the Change)
ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်။
သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။
ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုယ်ကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ။
အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ်။
ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို
အောင်မြင်မှုဆီခေါ်ဆောင်သွားမယ့် "အတွေ့အကြုံ" ဆိုတာ ဖြစ်လာပါတယ်။
ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။
အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။
အပူပေးခံထားရတဲ့ ရွှေတွေဟာအလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။
ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။
ဒါကြောင့် သင့်ဘ၀မှာနာကျင်မှုခံစားရမှုတွေများလာလေ သင့်ရဲ့ တန်ဖိုးတက်လာလေပါပဲ။
ဘယ်သူ့ရေးတာလည်းတော့မသိဘူးအဓိပ္ပါယ်ရှိလို့တင်လိုက်တာပါ

Wednesday, August 26, 2009
သိပ်ချစ်ရသောချစ်သူအတွက်
အလွမ်းတွေကိုခံနိုင်ရည်ရှိအောင်
အနမ်းတွေနဲ့ပိုင်ဆိုင်ခြင်းအချိန်
တစ်ခုကိုမျှော်လင့်နေပါတယ်
ငါမျက်ရည်ကိုတန်ဖိုးထားပေမယ့်
မင်းအတွက်ခံစားမှုဖြစ်လာစေရမယ်
ခွဲခွာခြင်းတွေဖြစ်လာမယ်ဆိုတာသိပေမယ့်
နုလုံးသားကိုသော့ခတ်ထားပါ့မယ့်
ခံစားချက်ကိုမင်းမသိနိုင်ပင်မယ့်
နုလုံးသားကကြားနိုင်ပါစေ
အနမ်းတွေနဲ့ပိုင်ဆိုင်ခြင်းအချိန်
တစ်ခုကိုမျှော်လင့်နေပါတယ်
ငါမျက်ရည်ကိုတန်ဖိုးထားပေမယ့်
မင်းအတွက်ခံစားမှုဖြစ်လာစေရမယ်
ခွဲခွာခြင်းတွေဖြစ်လာမယ်ဆိုတာသိပေမယ့်
နုလုံးသားကိုသော့ခတ်ထားပါ့မယ့်
ခံစားချက်ကိုမင်းမသိနိုင်ပင်မယ့်
နုလုံးသားကကြားနိုင်ပါစေ
Subscribe to:
Posts (Atom)