ကျွန်တော်ဘ၀ဘယ်လောက်ပဲအခက်အခဲတွေရင်ဆိုင်
နေရပါစေ
ဘ၀ရဲ့ဆင်းရဲမှုကြောင့်ဘယ်လောက်ပဲအားငယ်
နေရပါစေ
ကျွန်တော်နားမှာထာဝရသစ္စာရှိစွာခွင့်လွှတ်သည်းခံရင်း
အားပေးစကားအမြဲပြောနေတဲ့ကျွန်တော်ရဲ့ချစ်ဇနီးကို
လေးစားချစ်မြတ်နိုးမိပါတယ်ခေတ်အလိုက်ကျွန်တော်
ချစ်မြတ်နိုးရသောချစ်ဇနီး သူ့ ကိုမချောဘူးမလှဘူးဘယ်
လောက်ပဲပြောနေပါစေ ကျွန်တော်ဘ၀အတွက်သူဟာ
အလှအပဆုံး နတ်သမီးတစ်ပါး ထာဝရဖြစ်နေမှာပါ
ပြည့်စုံချမ်းသာခြင်း အားလုံးကိုစွန်လွှတ်ပြီးကျွန်တော်ရင်ခွင်
အတွင်းကိုဝင်လာရဲသော သူ့ ရဲ့အချစ်မေတ္တာကိုလည်း
လေးစားမြတ်နိုးမိပါတယ်……
မြန်မာဆန်ဆန် ၀တ်စားဆင်ယင်တတ်တဲ့ သူရဲ့အလှအပ
ဟာကျွန်တော်ဘ၀အတွက် အမြဲတမ်း အမောပြေစေနိုင်
တဲ့အလှအပလေးတစ်ခုဖြစ်နေတော့မှာပါ
ကျွန်တော်ရဲ့ဆိုးသွမ်းမှုတွေကိုခွင့်လွတ်သည်းခံရင်း
ကျွန်တော်ကိုအမြဲကြည်ဖြူနေတဲ့သူ့ကို
မမေ့နိုင်အောင်ချစ်မြတ်နိုးနေမိပါတယ်
မိခင်နဲ့တူသောမယားတစ်ယောက်ကိုပိုင်ဆိုင်
ထားရသောလက်ရှိကျွန်တော်ဘ၀၏
နေ့ရက်များဟာ အမြဲတမ်းလန်းဆန်းနေတော့မှာပါ
19.9.2009 မှစပြီး ထာဝရပျော်ရွှင်နိုင်ပါစေ ချစ်သူ
oak soe myat
Thursday, December 17, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment